ဝမ်းတွင်းမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုမဖြစ်စေရေး ပြည်သူများ နှာခေါင်းစည်းများစနစ်တကျတပ်ဆင်ရန် အသိပညာပေး

ဝမ်းတွင်း၊ စက်တင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုမရှိစေရေး ပြည်သူများ နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင်သွားကြစေရန် အသိပညာပေးခြင်းများကို ယနေ့နံနက် (၈) နာရီအချိန်မှစတင်ကာ သဲတောဈေးအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ် ရေးအတွက် နေအိမ်ပြင်ပသွားလာသူများနှင့် ဈေးအတွင်းသွားလာနေကြသော ဈေးရောင်း၊ ဈေးဝယ်များအား နှာခေါင်းစည်းများကို စနစ်တကျတပ်ဆင်သွားလာစေရန် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်သွားလာခြင်း မရှိသူများအား ယခုဝယ်၊ ယခုတပ်ဖြင့် အသိ ပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်းကာ မြို့တွင်း/မြို့ပြင် စစ်ဆေးရေးအဖွဲ့များနှင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ပြည်သူများအနေဖြင့်လည်း နှာခေါင်းစည်းများကို စနစ်တကျတပ်ဆင်သွားလာလျက်ရှိကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)