ကျိုက်လတ်၌ ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ပေးအပ်

ကျိုက်လတ်  စက်တင်ဘာ  ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ Economic Relief Plan ပါဝင်သည့် Action Plan အရ ငါးမွေးမြူရေးလုပ်ငန်း ပြန်လည်ထူထောင်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိစေရန်အတွက် ငါးမွေးမြူသူများအား ငါးသားပေါက်များ ထောက်ပံ့ ပေးအပ်ခဲ့သည်။

ထိုသို့ပေးအပ်ရာတွင် ခရိုင်ဦးစီးဌာနမှူး ဦးကိုကိုလွင်၊ မြို့နယ်ဦးစီးဌာနမှူး ဦးအောင်ဆန်းနှင့် ဝန်ထမ်းများ က (--၂၀၂၀) ရက်နေ့ နံနက် () နာရီခန့်တွင် တာပါတ် ကျေးရွာအုပ်စုရှိ  ငါးမွေးတောင်သူ () ဦး၊ ငါးမွေးကန်ဧက (၁၄၅.၈၂) ဧကအတွက် ငါးသားပေါက်ကောင်ရေ (၂၉၁၆၄၀) ကောင်အား လည်းကောင်း၊ အမှတ်() တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်၊ ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ က (--၂၀၂၀) ရက် နေ့ နံနက် () နာရီခန့် တွင် ကွင်းချောင်းကြီး ကျေးရွာအုပ်စုရှိ ငါးမွေးတောင်သူ (၁၇)ဦး၊ ငါးမွေးကန်ဧက (၂၁၈.၁၄) ဧကအတွက် ငါးသားပေါက်ကောင်ရေ (၄၃၆၂၈၀)ကောင်တို့အား ကိုဗစ်-၁၉ကာလအတွင်း ရေလုပ်ငန်းကဏ္ဍအပေါ် ထိခိုက်ဆုံးရှုံးမှုများကို အမြန်ဆုံး ပြန်လည်ထူထောင် နိုင်ရေးအတွက် စနစ်တကျ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ရီရီမြင့် (ပြန်/ဆက်)