ရပ်စောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညမထွက်ရအမိန့် နှိုးဆော်

ရပ်စောက်      စက်တင်ဘာ     ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ရောဂါကူးစက်မှု ပျံ့နှံ့မှုကို ထိန်းချူပ်နိုင်ရန်အတွက် ညမထွက်ရအမိန့် နှိုးဆော်ခြင်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်အားလုံးတွင် ယမန်နေ့ ညနေပိုင်း()နာရီက လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့နှိုးဆော်ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါကြောင့် ပြည်သူများ၏ ကျန်းမာရေးကို ထိခိုက် စေသည့်အပြင် အသက်အန္တရာယ် သေဆုံးသည်အထိ ဖြစ်ပွားစေသဖြင့် ရောဂါကာကွယ် ထိန်းချူပ်မှု နည်းလမ်းတွင် အထောက်အကူပြုရန်အတွက် (၁၂)နာရီ မှ နံနက်()နာရီအထိ နေအိမ်ပြင်ပသို့ ထွက်ခွာခြင်း၊ လူစုလူဝေး မပြုလုပ်ကြရန် အသိပေးနှိုးဆော်ပြီးဖြစ်၍ မဖြစ်မနေ သွားရောက်ရန်လိုအပ်ပါက သက်ဆိုင်ရာအုပ်ချူပ်ရေးမှူးထံ အကြောင်းကြားရန် ညမထွက်ရ အမိန့်အား ဖောက်ဖျက်ကျူးလွန်ပါက ပြစ်မှုဆိုင်ရာ တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း မြို့နယ်အတွင်း ရပ်ကွက်() ရပ်ကွက်ရှိ ပြည်သူ များအား အသိပေးနှိုးဆော်မှုကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုင်းမြတ်ကျော်စိုး (ပြန်/ဆက်)