ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ လိုက်နာရန်စည်းကမ်း ချက်များ စဉ်ဆက်မပြတ် အသိပေးနှိုးဆော်

ဇီးကုန်း စက်တင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေးနှင့် ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ပြည်သူများအား စဉ်ဆက်မပြတ် အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ညွှန်ကြားချက်များ၊ အသိပေး နှိုးဆော်ချက်များကို အသံချဲ့စက်များဖြင့် ရပ်ကွက်/ကျေးရွာများအတွင်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြရန်နှင့် ပြည်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်နှင့် အခြားအရေးပေါ်ကိစ္စရပ်များမှအပ နေအိမ်ပြင်ပသို့ ထွက်ခွာခြင်း မပြုလုပ်ကြ ရန်၊ အပြင်မှပြန်လာပါက လက်ကိုဆပ်ပြာနှင့် စက္ကန့်(၂၀)ကြာ ဆေးကြောသန့်စင်ရန်၊ ဈေးရောင်း ဈေးဝယ်များ Mask မဖြစ်မနေ တပ်ဆင်ရန်၊ ပြည်တော်ပြန် သို့မဟုတ် ရောဂါဖြစ်ပွားလျက်ရှိသော တိုင်းဒေသကြီး/ပြည်နယ်များမှ လာရောက်သူများရှိပါက  သက်ဆိုင်ရာသို့ ချက်ချင်းသတင်းပို့ကြရန်တို့ကို ပြည်သူများ သိရှိလိုက်နာကြရန် နေ့စဉ်အသိပေးနှိုးဆော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)