မင်းကင်း စက်တင်ဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် မြန်မာ့လယ်ယာ ဖွံဖြိုးရေးဘဏ်ရုံး အဆောင်အဦ တည်ဆောက်မှု ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ အဆောက်အဦမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေ (၇၂) သန်းဖြင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ (၁၆) ရက်မှ စတင်၍ FRIEND S. TECH99 ENGINEERING. & CONSTRUCTION. Co.LTD. မှ တာဝန်ယူတည်ဆောက်ခဲ့ရာ ယခုအချိန်တွင် ရာနှုန်းပြည့်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
လှငွေ(မင်းကင်း)