မိုးနဲ စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်၌ တောင်ကြီးမြို့ နမ့်ခုံး ရှမ်းများ ပရဟိတ အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က Quarantine Center တွင် ဝင်ရောက်နေသည့် နေရပ်ပြန်ပြည်သူ များအား COVID-19 ရောဂါကာကွယ်ရေးအတွက် တစ်ကိုယ်ရေသုံးပစ္စည်းများ ဆက်လက် လှူဒါန်းပေး ခြင်း ကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်က မိုးကုပ်ရိပ်သာ ဘုန်းတော်ကြီးကျောင်း၌ လာရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ယင်းသို့လှူဒါန်းရာတွင် Access to Health Funds ဖြင့် နမ့်ခုံး ရှမ်းများပရဟိတအသင်း တောင်ကြီး မြို့နှင့် Relief International တို့ ပူးပေါင်းပြီး Quarantine Center တွင် ဝင်ရောက်နေသည့် နေရပ်ပြန်ပြည်သူ အမျိုးသား ၉ ဦးနှင့်အမျိုးသမီး ၄ ဦး စုစုပေါင်း ၁၃ ဦးအတွက် တစ်ဦးလျှင် စောင်နှင့် ငွေကျပ် ၅၀၀၇၀ တန်ဖိုး ရှိ အမျိုးအမည် (၂၄)မျိုးပါတစ်ကိုယ်ရေအသုံး အဆောင်ပစ္စည်း (၁၃)စုံကို မိုးနဲမြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထက်၊မြို့နယ် ကျန်းမာရေးဌာနမှ တာဝန် ရှိသူများ ၊ နမ့်ခုံး ရှမ်းများပရဟိတအသင်း တောင်ကြီးမြို့ မှ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းလုံနှင့် အဖွဲ့ဝင်များ၊ မိုးနဲ နမ့်ခုံးရှမ်းများ ပရဟိတ အသင်းခွဲ ဥက္ကဋ္ဌ ဦးစိုင်းထွန်းလှနှင့် အဖွဲ့ဝင်များက တစ်ဦးချင်းစီ လက်ရောက်ပေးအပ် လှူဒါန်းခဲ့ကြောင်းသိရသည်။
ထို့အတူ မိုးနဲမြို့ နမ့်ခုံး ရှမ်းများပရဟိတအသင်းခွဲ ဥကဋ္ဌနှင့်တာ၀န်ရှိသူများကဝိဇ္ဇာရိယဘုန်းတော် ကြီး ကျောင်း သို့လည်း နှာခေါင်းစည်းနှင့် Hand Gel များကို သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ