လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ရပ်ကွက်/ကျေးရွာများအတွင်းရှိ လမ်းသွယ်များတွင် ပိတ်ဆို့၍ ကိုယ်အပူချိန် တိုင်းတာခြင်း၊ လူဝင် လူထွက် စိစစ်ခြင်းဆောင်ရွက်

လှိုင်သာယာ(အနောက်ပိုင်း) စက်တင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ များတွင်  ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် လမ်းသွယ်များ ပိတ်ဆို့၍ ကိုယ်အပူချိန်တိုင်းတာခြင်း၊ လူဝင်၊ လူထွက် စိစစ်ခြင်းဆောင်ရွက်နေမှုကို ယနေ့ နံနက်ပိုင်းမှစ၍ ဆောင်ရွက်သည်။

ထိုသို့ ဆောင်ရွက်ရာတွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ရပ်ကွက်(၁၁)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၄)စုရှိ လမ်းသူ လမ်းသား များ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ရပ်မိရပ်ဖများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဝင်များ၊ အမျိုးသမီး ရေရာအဖွဲ့ဝင်များ ပူးပေါင်း၍ လမ်းသွယ်များ ပိတ်ဆို့၍ လမ်းပိုင်းတစ်ခုစီတွင် ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ လိုက်လံ ဆော်သြခြင်း၊ လူဝင်၊ လူထွက် စိစစ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး  ကျန်းမာရေး စောင်ရှောက်မှုလုပ်ငန်းများကို လမ်းပိုင်း အလိုက် ဆောင်ရွက်မှုအား မြို့နယ် ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ပေါင်းစပ်ဆောင်ရွက် နိုင်ရေး၊ အုပ်ချုပ်ရေးမှူးရုံးတွင် ပိုဆောင်ရေးအဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် လုံခြုံရေးအဖွဲ့များ ဆောင်ရွက်ထားရှိကြောင်း သိရ သည်။

မြသန္တာဝင်း(ပြန်/ဆက်)