စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်နိုင်ရေး လက်ဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင် များအား စစ်ဆေး

ရေဦး  စက်တင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး   ရေဦးမြို့နယ်  ကိုဗစ်−၁၉  ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၏ လမ်းညွှန် မှုဖြင့်  ကျန်းမာရေး၊  ပညာရေး၊  မီးသတ်၊  စည်ပင်၊  စားသုံးသူရေးရာ ဦးစီးဌာန တို့ပူးပေါင်း၍  ယနေ့ နံနက် ၈ နာရီက   ကိုဗစ်−၁၉  ရောဂါ ထိန်းချုပ် နိုင်ရေးအတွက်  စည်ပင်သာယာရေး နယ်နိမိတ်အတွင်း  ဖွင့်လှစ် ရောင်းချလျက်ရှိသော  လ္ဘက်ရည်ဆိုင်နှင့်  စားသောက်ဆိုင်များအနေဖြင့်  ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနက ထုတ်  ပြန်ကြေညာ ထားသည့်  ညွှန်ကြားချက်များအညီ  လိုက်နာ ဆောင်ရွက်မှု ရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ သည်။

ပူးပေါင်းအဖွဲ့သည် ရေဦးမြို့နယ်  စည်ပင်သာယာ‌ရေးနယ်နိမိတ်အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည် ဆိုင်များ ကတစ်ဆင့်  ရောဂါကူးစက်မှုမရှိစေရေးအတွက်  မြို့ပေါ်ရှိ  ရပ်ကွက် ၅ ရပ်ကွက်တွင်   ဖွင့်လှစ်ထားရှိသော   စားသောက် ဆိုင်များနှင့်   လက်ဖက်ရည်ဆိုင်များမှ   ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာနကသတ်မှတ်ထားသော  စည်းကမ်း ချက်များနှင့်အညီ  ရောင်းချခြင်းရှိ/မရှိ  ကွင်းဆင်း  စစ်ဆေးခဲ့ခြင်းဖြစ်သည်။

အချို့စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များသည် သတ်မှတ်ထားသော  စည်းကမ်း ချက်များနှင့်အညီ  ရောင်းချနေကြောင်း   စစ်ဆေးတွေ့ရှိခဲ့ပြီး   စည်းကမ်းချက်များ   နှင့်အညီ ရောင်းချခြင်းမရှိသော ဆိုင်များကို  ဆိုင်တွင် ထိုင်ပြီးစားသောက် ရောင်းချခွင့်မပြုပဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်  ပေးသွားမည်ဖြစ်ကြောင်း၊  စည်းမျဉ်း စည်းကမ်းများနှင့်အညီ   လိုက်နာဆောင်ရွက် ထားရှိမှုမရှိသည့်   လ္ဘက်ရည်ဆိုင်နှင့်  စားသောက်ဆိုင်အချို့ကို    ကွင်းဆင်း စစ်ဆေးခဲ့ကြသည့် တာဝန်ရှိသူများက အသိပေး‌ပြောကြားခြင်းများ  ပြုလုပ်ခဲ့ ကြောင်း သိရ သည်။

 သန်းထိုက် (ရေဦး)