သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာရပ်ကွက် သုဝဏ္ဏဘောလုံးအကယ်ဒမီ မြက်ခင်းတုဘောလုံးကွင်းအတွင်း Quarantine Centre ပြုလုပ်ရန် ယာယီအဆောက်အဦ ဆောက်လုပ်

ရန်ကုန်၊ စက်တင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏအမျိုးသားဘောလုံး အကယ်ဒမီ (ရန်ကုန်) မြက်ခင်းတု ဘောလုံးကွင်း ဝင်းအတွင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏လမ်းညွှန်မှုဖြင့် ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးကဦးဆောင်ကာ  Quarantine ဝင်ရောက်သူများအားထားရှိနိုင်ရန်အတွက် ယာယီအဆောက်အဦတစ်လုံးလျှင်လူ (၁၀၀)ဦး Quarantine ဝင်‌ရောက်နေထိုင်နိုင်မည့် ယာယီအဆောက်အဦ (၂) လုံးကို CNC ကုမ္ပဏီမှ (၅) ရက်အတွင်း အပြီးတည်ဆောက်မည်ဖြစ်ပြီး လူ (၄၀၀) ဦးခန့်ထားနိုင်မည့် ယာယီအဆောက်အဦ Quarantine Center များကိုလည်းဆက်လက်ဆောက်လုပ်သွားမည် ဖြစ်သည်။

အဆိုပါ Quarantine Center တွင်ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုကိစ္စများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဋ္ဌာနမှဆောင်ရွက်မည်ဖြစ်ကာ နေထိုင်ရေးနှင့် နေ့စဉ်အစားအသောက် ကုန်ကျစရိတ်များကို ဧရာဝတီဖောင်ဒေးရှင်းမှ ကျခံပေးမည်ဖြစ်ကြောင်း သိရသည်။

ရဲမင်းထွန်း (ပြန်/ဆက်)