ကြည့်မြင်တိုင်၊ စက်တင်ဘာ ၁၂
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် (Stay at Home) ကာလ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထိရောက်စွာကာကွယ်နိုင်ရေးအတွက် ရပ်ကွက်များအတွင်း ဆောင်ရွက်ထားရှိမှုများစစ်ဆေးခြင်းကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီနာယက မြို့နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ ကော်မတီဥက္ကဋ္ဌ ဦးဇာနည်ဝင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များနှင့် ကော်မတီအဖွဲ့ဝင်များမှ မြို့နယ်အတွင်း လှည့်လည်၍ (Stay at Home) ကာလ ရောဂါကာကွယ်ရေးလုပ်ငန်းများနှင့် ပက်သက်၍ရပ်ကွက်များတွင် ဆောင်ရွက်ထားမှုများနှင့်ပက်သက်၍ ကွင်းဆင်းစစ်ဆေးပြီး ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်သွားရန်၊ လိုအပ်ချက်၊ ပြန်လည်ဆောင်ရွက်ရမည့် အခြေအနေများအား ဆွေးနွေးပြောကြားခဲ့ပြီး ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် မိမိရပ်ကွက်အလိုက် အများပြည်သူများသိရှိ၍ ပူးပေါင်းဆောင်ရွက်သွားရေး ဆောင်ရွက်ရန်တို့ကို လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)