ကြည့်မြင်တိုင်၊ စက်တင်ဘာ ၁၂
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ထီးတန်းစျေးတစ်လျှောက်တွင် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်မှုတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များနှင့် ဝန်ထမ်းများ၊ ခရိုင်ဈေးများဌာန ဌာနစုမှူး၊ ထီးတန်းဈေးတာ၀န်ခံနှင့် ဈေးဌာန၀န်ထမ်းများပူးပေါင်း၍ မြို့နယ်အတွင်းဈေးရောင်းချမှု၊ ထီးတန်းဈေးတစ်လျောက်တို့တွင် ရောဂါကာကွယ်ရေး အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာတွင် ဈေးရောင်းချမှုအား အချိန်ကန့်သတ်ချက်ဖြင့် ရောင်း၀ယ်သွားရန်၊ စားသောက်ကုန်၊ ဆေးဝါးရောင်းချမှုကို အဓိကထားရောင်းချရန်၊ ဆိုင်ထိုင်စားသောက်ရောင်းချမှုမပြုရန်၊ ရောဂါကာကွယ်ရေးဆိုင်ရာညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်သွားရန် စသည်တို့ကို အသိပေးနှိုးဆော်ခြင်း၊ ကြပ်မတ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)