ဒဂုံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ပြည်သူများသို့ပန်ကြားချက် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်

ဒဂုံ၊ စက်တင်ဘာ ၁၂

ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်  အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၌ပြည်သူများသို့ပန်ကြားချက် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ည ၉ နာရီက ယောမင်းကြီးရပ်ကွက်၊ ဘုရားကြီးရပ်ကွက်၊ ဦးဝိစာရရပ်ကွက်၊ ပြည်အရှေ့ရပ်ကွက်နှင့် ပြည်အနောက်ရပ်ကွက်တို့၌ သက်ဆိုင်ရာရပ်ကွက်တာဝန်ခံများက အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ကြောင်း သိရသည်။

နှိုးဆော်ပေးရာတွင် ယခုအခါကိုဗစ်-၁၉ရောဂါသည် ပြည်ပသို့ခရီးသွားရာဇဝင်မရှိဘဲ ပြည်တွင်းကူးစက်မှုအဖြစ် သုံးသပ်တွေ့ရှိရသဖြင့် ဓါတ်ခွဲအတည်ပြုလူနာများပြားလာမှုကြောင့်  ရောဂါကူးစက် ပျံ့နှံ့မှုကို အချိန်မီတားဆီးကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ အရေးပေါ်ကိစ္စရပ်များမှအပ ပြည်တွင်းခရီးသွားလာခြင်းမပြုလုပ်ကြရန်နှင့်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ပေးသော အမိန့်နှင့်ညွှန်ကြားချက်များ တိကျစွာလိုက်နာ ဆောင် ရွက်ကြရန် ပန်ကြားချက်အား အသိပေးနှိုဆော်ထားကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)