မြို့မဈေးပတ်လမ်း ကွန်ကရစ်လမ်းတိုးချဲ့ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ခင်ဦး၊ စက်တင်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၊ မြို့မဈေးပတ်လမ်း ကွန်ကရစ်လမ်းတိုးချဲ့ခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ထောက်ပံ့ရန်ပုံငွေကျပ် (၈၆) သန်းဖြင့် မြို့နယ်စည်ပင်သာယာရေးက ဆောင်ရွက်ခဲ့ရာ ယမန်နေ့ ညနေပိုင်းက ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

ကွန်ကရစ်လမ်းတိုးချဲ့ဆောင်ရွက်ရာတွင် ယခင်က (၁၂ပေအကျယ် ကတ္တရာလမ်းကို တိုးချဲ့ ဆောင်ရွက်တာဖြစ်ပြီး မြို့မဈေး အနောက်ဘက်လမ်းတွင် ကွန်ကရစ်တံတား () စင်း တည်ဆောက်ခြင်း၊ ကွန်ကရစ်လမ်း အရှည် (၃၆၂) ပေ၊ အကျယ် (၄၀) ပေနှင့် မြို့မဈေးမြောက်ဘက်လမ်းတွင် အရှည် (၂၁၈) ပေ၊ အကျယ် (၄၀) ပေ ဆောင်ရွက်ပြီး ကွန်ကရစ်လမ်းခင်းရာတွင် အောက်ခံကျောက် () လက်မထုပေါ်တွင် ကွန်ကရစ်ထု (လက်မခင်းခြင်းလုပ်ငန်းကို တစ်လအတွင်း ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အငယ်တန်းအင်ဂျင်နီယာ- ဒေါ်ရည်ရည်လွင်၏ ပြောကြားချက်အရ သိရသည်။

စိုးဝေအောင်(ခင်ဦး)