ရွှေပြည်သာမြို့နယ်တွင် သိမ်းဆည်းခံတောင်သူ (၄) ဦးအား သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့သစ်လုပ်ငန်း ဒုတိယအကြိမ် မြေယာလျော်ကြေးပေးအပ်

ရွှေပြည်သာ၊ စက်တင်ဘာ   ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ လယ်ယာမြေသိမ်းဆည်းခံ တောင်သူများအား သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့သစ်လုပ်ငန်း ဝါးတရာသစ်အခြေခံစက်မှုဇုန်ဧရိယာမှ သိမ်းဆည်းလယ်ယာမြေများအား ဒုတိယအကြိမ် မြေယာလျော်ကြေးပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အမှတ်  (၉) သစ်အခြေစိုက်အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြေယာလျော်ကြေးအဖြစ် တစ်ဧကလျှင် ကျပ်သိန်း (၁၀၀) နှုန်းဖြင့် (၂၀ဒသမ၀၁)အတွက် ကျပ်သိန်းပေါင်း(၂၀၁၀)သိန်းအား တောင်သူ(၄)ဦးထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်လင်း အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်အောင်နှင့် တောင်သူများ တက်ရောက်ခဲ့ပြီး မြေယာလျော်ကြေးများအား တတိယအကြိမ် ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း ဒုတိယအထွေထွေမန်နေဂျာ  ဦးညွန့်ဝေထံမှ သိရသည်။

နေမျိုးထွန်း(ရွှေပြည်သာ)