ရွာငံ စက်တင်ဘာ ၁၃
၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ (၁) ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆို ဂုတ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ရွာငံမြို့နယ်ရဲတပ်ဖွဲ့မှ ယမန်နေ့ နံနက်(၇)နာရီ အချိန်ခန့်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်၊ ပြည်သူ့ဆေးရုံဝင်း အတွင်း စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှုတွင် ရွာငံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်စိုး၊ မြို့မရဲစခန်းမှူး ဒုရဲမှူးစန်းနိုင်တို့က ဦးစီး၍ တပ်ဖွဲ့ဝင်အရာရှိများ၊ အခြားအဆင့်များ၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စန်းစန်းမြင့်နှင့် အဖွဲ့ဝင်များမှ ရွာငံ မြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ ချုံနွယ်များ၊ ခြင်ခိုအောင်းနိုင်သည့်နေရာများနှင့် အမှိုက်များ ကင်းစင်ရေး တို့အတွက် စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)