ဆွမ်ပရာဘွမ်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးနှင့် ပတ်သက်သည့် အသိပညာပေးနှိုးဆော်
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်သည့် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ည ၇ နာရီခန့်က မြို့ပေါ်ရပ်ကွက် (၃)ရပ်ကွက်သို့ အသံချဲ့စက်များဖြင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီဝင်များက လိုက်လံအသိပေးနှိုးဆော်ခဲ့သည်။