နတ်မောက်၊ စက်တင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအတွင်းသို့ လာရောက်သည့် ဈေးရောင်း/ဈေးဝယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး အသိပညာပေး လုပ်ငန်းများကို ယနေ့ နံနက် ၇ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ညွှန်ကြားချက်များနှင့်အညီ နှာခေါင်းစည်း(Mask)များ စနစ်တကျ တပ်ဆင်စေခြင်း၊ လက်ဆေးဘေစင် များထားရှိပေးပြီး စနစ်တကျ လက်ဆေးစေခြင်းများ၊ ကိုယ်အပူချိန်တိုင်းတာခြင်းများနှင့် ကိုဗစ်-၁၉ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သင်းသင်းဝေ(နတ်မောက်)