ဖာပွန်၊ စက်တင်ဘာ ၁၂
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ယနေ့နံနက် ၇ နာရီအချိန်က ဖာပွန်မြို့၊ အနောက်ဘက်ကမ်းကျေးရွာရှိ သမိုင်းဝင် ရွှေဆံတော် စေတီတော်မြတ်ကြီး၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖာပွန်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးဝင်း ဦးဆောင်၍ ဖာပွန်ခရိုင်၊ ဒုတိယရဲမှူးခင်လှိုင်၊ ဖာပွန်မြို့မစခန်းမှူး ဒုတိယရဲမှူးမြင့်စိုးနှင့် ခရိုင်/မြို့နယ်အဆင့် ရဲတပ်ဖွဲ့ဝင်အင်အား(၃၀)ဦးတို့က သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်ပတ်ဝန်းကျင်ရှိ ချုံနွယ်၊ ပေါင်းမြက်များကို မြက်ရိတ်စက်ဖြင့်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်းကျော်ဝဏ္ဏ၊တိုးဝေဇင်(ပြန်/ဆက်)