ဒဂုံ၊ စက်တင်ဘာ ၁၂
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ခြင်းအနေဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်အတွင်းရှိ ယောမင်းကြီးရပ်ကွက်၊ ဘုရားကြီးရပ်ကွက်၊ ဦးဝိစာရရပ်ကွက်၊ ပြည်အရှေ့ရပ်ကွက်နှင့် ပြည်အနောက်ရပ်ကွက်တို့၌ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်တာဝန်ခံများနှင့် ရပ်ကွက်အထောက်အကူပြုအဖွဲ့များ ပူးပေါင်း၍ ယမန်နေ့မွန်းတည့် ၁၂နာရီက ရပ်ကွက်အလိုက် လမ်းသွယ်များ၌ လူဝင်၊ လူထွက် စစ်ဆေးခြင်း၊ စာရင်းကောက်ယူခြင်းနှင့် အပူချိန်တိုင်းတာခြင်းများဆောင်ရွက်ကြောင်း သိရသည်။
ယခုလို ဆောင်ရွက်ရခြင်းသည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ပြည်ပသို့ ခရီးသွားရာဇဝင်မရှိဘဲ ပြည်တွင်းကူးစက်မှုများအဖြစ် သုံးသပ်တွေ့ရှိရသဖြင့် ဓါတ်ခွဲအတည်ပြုလူနာ ပိုမိုများပြားလာမှုကြောင့် ရောဂါကူးစက်ပျံ့နှံ့မှုကို အချိန်မီတားဆီးကာကွယ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအလိုက် ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြင့် ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
ဇာဖြူဝင်း (ပြန်/ဆက်)