ဝေါလေမြိုင်၊ စက်တင်ဘာ ၁၂
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ပြည်သူများ လိုက်နာနိုင်ရန်အတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၇ နာရီက လူစည်ကားရာနေရာများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဝေါလေမြိုင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ဈေးဆိုင်များ၊ လူစည်ကားရာနေရာများနှင့် လမ်းဆုံလမ်းခွများ၌ ပြည်သူများအနေဖြင့် မလိုအပ်ဘဲ ခရီးထွက်ခွာခြင်းမပြုလုပ်ရန်၊ အပြင်သို့ထွက်ခွာလျှင် နှာခေါင်းစည်းတပ်ရန်၊ လက်ကိုခဏခဏဆေးရန် စသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အခြေခံအချက်များအား အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နိုင်မျိုးသင်း(ပြန်/ဆက်)