မြို့သစ်၊ စက်တင်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့သစ်မြို့၊ တမူး-စေတီကားလမ်းမကြီး၊ ဂေါပုဏ္ဏစေတီစောင်းတန်းရှေ့၌ ကျန်းမာ ရေးစစ်ဆေးဂိတ်ကို ပြန်လည်ဖွင့်လှစ်ကာ ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်း လုပ် ငန်းကို ပြန်လည်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့သစ်မြို့၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များ ပူးပေါင်းပြီး ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများက ခရီးသည်တင်ယာဉ်များ၊ အိမ်စီးယာဉ်ငယ်များ၊ မော်တော်ဆိုင်ကယ်များဖြင့် ဖြတ်သန်းသွားလာနေကြသည့် ရပ်ဝေးရပ်နီးမှ ခရီးသွား ပြည်သူများအား ခရီးသွားရာဇဝင်အချက်အလက်များ ကောက်ယူခြင်း၊ အပူချိန်တိုင်း တာပေးခြင်းနှင့် နှာခေါင်းစည်း(Mask) တပ်ဆင်စေခြင်း၊ လက်ကို မကြာခဏသန့်ရှင်းစင်ကြယ်စွာ ဆေးကြောရန် အစရှိသည့် ကျန်းမာရေး အသိပညာပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် မြို့သစ်မြို့ဝင် ကျန်းမာရေး စစ် ဆေးရေးဂိတ်တွင် လက်ဆေးစင်တပ်ဆင်ခြင်း၊ လမ်းဘေးဝဲယာတွင် ကျန်းမာရေးအသိပညာပေး ပိုစတာကပ်ထားခြင်းတို့ကို မြို့သစ်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ပြန်လည်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထွန်းမင်းအောင်(ကဘော်မြေ)