ကြံခင်းမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လိုင်စင်ချထားပေးသော တည်းခိုခန်း(၄)ခုအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအန္တရာယ်မှကင်းဝေးစေရန် သတ်မှတ်စည်းကမ်းချက်နှင့်အညီ ဖွင့်လှစ်မှု ရှိ/မရှိစစ်ဆေး

ကြံခင်း၊  စက်တင်ဘာ  ၁၂  

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ လိုင်စင်ချထားပေးသော တည်းခိုခန်း (၄) ခုအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရန်သတ် မှတ်စည်းကမ်းချက်နှင့်အညီ ဖွင့်လှစ်မှု ရှိ/မရှိကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များက စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကြံခင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအန္တရာယ်မှကင်းဝေးစေရန် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့် လိုက်နာဆောင်ရွက်ရမည့် အချက်များအား လိုက်နာမှုရှိ/မရှိ စစ်ဆေးခြင်းဖြစ်ပြီး၊ တည်းခိုခန်းဝန်ထမ်းများ သိရှိရမည့် သတ်မှတ်စည်းကမ်းချက် (၁၂)ချက်နှင့်အညီ တည်းခိုခန်းတွင် လာရောက်တည်းခိုသော ဧည့်သည်များ ဝန်ဆောင်မှုပေးလျှင် အတတ်နိုင်ဆုံးထိတွေ့မှုနည်းအောင် စီစဉ်ထားရှိရန်၊ ဧည့်သည်များရဲ့ (၁၄)ရက်အတွင်း ခရီးသွားမှတ်တမ်း၊ ကျန်းမာရေးနှင့်ရပ်ကွက်ထောက်ခံချက်များ၊ လက်ဆေးရန်နေရာသတ်မှတ်ထားရှိပေးခြင်းများ၊ လက်သန့်ဆေးရည်ထားရှိပေးခြင်းများ၊ ဧည့်သည်တစ်ဦး တည်းခိုပြီးသည်နှင့် စနစ်တစ်ကျအသစ်လဲလှယ် ပိုးသတ်ဆေးဖြန်းရန် အသိပညာပေးထားမှုအပေါ် လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိအားစစ်ဆေးခဲ့ကြကြောင်း သိရသည်။

အဆိုပါစစ်ဆေးမှုအား မြိုနယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်ဌာနဆိုင်ရာတာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုးမိုး(ပြန်/ဆက်)