လမိုင်း စက်တင်ဘာ ၁၃
မွန်ပြည်နယ် လမိုင်းမြို့ အ.ထ.က ကျောင်း၌ ပြည်နယ်နှင့် တိုင်းဒေသကြီးမှ ပြန်ရောက်လာသူများအား Quarantine Centre ဝင်ရောက်နိုင်ရန် စက်တင်ဘာလ ၁၁ ရက်နေ့ ညနေ ၅ နာရီမှ စတင်ကာ ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ပြင်ဆင်ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးညီညီမင်း၊ အ.ထ.က.ကျောင်းအုပ်ကြီး ဦးမင်း ဗလာ ၊ ဌာနဆိုင်ရာများနှင့် လမိုင်းမြို့ ပရဟိတ္တအဖွဲ့မှ ဦးမိုးမင်းနှင့် အဖွဲ့ဝင်များက Quarantine Centre ဝင်ရောက်ရာတွင် နေထိုင်မည့် အခန်းများ၊ အိပ်ယာများ၊ သန့်စင်ခန်းများ၊ လျှပ်စစ်မီးနှင့် သုံးရေသောက်ရေများ ကောင်းမွန်မှုရှိအောင် စနစ်တကျပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တင်ဇာစိုး(ပြန်/ဆက်)