ကန့်ဘလူ စက်တင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ အမှတ်(၄)ရပ်ကွက်တွင် ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ရပ်ကွက်အတွင်းရှိ အဓိကလမ်းမကြီးများ၌ မဖြစ်မနေ နေအိမ်ပြင်ပ ထွက်လာသည့်ပြည်သူများ အနေဖြင့် နှာခေါင်းစည်းများ ဝတ်ဆင်သွားလာခြင်း ရှိမရှိ စစ်ဆေး ဆောင်ရွက်ခဲ့ပြီး Mask များကို အခမဲ့ ဝေငှပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ဆောင်ရွက်ရေးကော်မတီဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက နေအိမ်ပြင်ပ ထွက်ခွာလာသည့် ပြည်သူများ နှာခေါင်းစည်း ဝတ်ဆင်ခြင်း မရှိသူများအား နှာခေါင်းစည်းများ ဝေငှပေးခြင်း၊ မဖြစ်မနေ နေအိမ်ပြင်ပထွက်ခွာရပါက နှာခေါင်းစည်းများ ဝတ်ဆင်ကြရန်၊ မလိုအပ်ဘဲ လူစုလူဝေးနေရာများသို့ သွားလာခြင်းမပြုကြရန် စသည့် အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်ထွန်းထံမှ သိရ သည်။
ကန့်ဘလူ (ပြန်/ဆက်)