ဗိုလ်တထောင်မြို့နယ်တွင် သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက်ထောက်ပံ့ပေးအပ်

ဗိုလ်တထောင်    စက်တင်ဘာ ၁

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ် ရပ်ကွက်(၁၂)ရပ်ကွက်အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် အဘိုးအဘွားများအား ()လတစ်ကြိမ်ပေးအပ်သော လူမှုရေးပင်စင်ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် အသက်(၈၅)နှစ်နှင့် အထက်အဘိုးအဘွားများအား တစ်လလျှင်(၁၀၀၀၀) ကျပ်နှုန်းဖြင့် (ဇူလိုင်၊ဩဂုတ်၊စက်တင်ဘာ)လများအတွက်၃လစာ ထောက်ပံ့ကြေးငွေ (၃၀၀၀၀)ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့မှုကိုအမှတ်()ရပ်ကွက်တွင် ရပ်ကွက်ဓမ္မာရုံနှင့် ကျန်ရပ်ကွက်များ၌ အဘိုးအဘွားများ၏ နေအိမ်သို့ သွားရောက်ကာ လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။ ဗိုလ်တထောင်မြို့နယ်တွင် အသက် (၈၅)နှစ်အထက် ထောက်ပံ့ငွေရရှိသော အဘိုးအဘွား(၁၈၄)ဦးရှိပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူးနှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများကပေးအပ်ခဲ့ရာ အမှတ်() ရပ်ကွက်မှ အဘိုးအဘွားတစ်ဦးက ပထမဆုံးရရှိခြင်းဖြစ်၍ ဝမ်းသာကြောင်း ထောက်ပံ့ငွေများရရှိ၍ ပို၍ လှူဒါန်းနိုင်မည်ဟုပြောကြားခဲ့ကြောင်း သိရှိရသည်။

သိန်းသိန်း(ဗိုလ်တထောင်)