လမိုင်း စက်တင်ဘာ ၁၃
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့အတွင်းရှိ အသက်(၈၅) နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေး ပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါထောက်ပံ့ငွေများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ် စတုတ္ထသုံးလပတ်ဖြစ်သည့် ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလအတွက် ဘိုးဘွားတစ်ဦးကို တစ်လလျှင် ငွေကျပ်(၁၀၀၀၀)နှုန်းဖြင့် သုံးလစာ ငွေကျပ်(၃၀၀၀၀)ကို လမိုင်းမြို့ မြို့မ(၂) ရပ်ကွက် အတွင်းရှိ သက်ကြီးဘိုးဘွား (၇)ဦးအား မြို့မ(၂)အုပ်ချုပ်ရေးမှူး ဦးအေးထွန်းနှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် ဘိုးဘွားများ လက်ဝယ်ထံသို့ လိုက်လံထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
တင်ဇာစိုး (ပြန်/ဆက်)