လားရှိုးမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဖွဲ့စည်းခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

လားရှိုး စက်တင်ဘာ

လားရှိုးမြို့ မြို့တော်ခန်းမ၌ လားရှိုးမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဖွဲ့စည်းခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေး၌  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ  ဦးစိုင်းဇော်မင်းက စေ့စပ် ညှိနှိုင်းရေးကော်မတီ၏ ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များ အကြောင်းကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဖွဲ့စည်းခြင်း၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်()ဦး၊ ဌာနဆိုင်ရာများ()ခုမှ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ လားရှိုးမြို့ရှိ နိုင်ငံရေးပါတီ(၁၁)ခုတို့မှ အဖွဲ့ဝင်အဖြစ်လည်း‌ကောင်း၊ လားရှိုးမြို့ရှိ ဩဇာတိက္ကမရှိသူ()ဦးတို့မှ အဖွဲ့ဝင်အဖြစ် လည်းကောင်း အသီးသီး ပါဝင်ကြပြီး စုစုပေါင်း(၃၃)ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရှိရသည်။

လားရှိုးမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီအနေဖြင့် ရွေးကောက်ပွဲမတိုင်ခင်ကာလမှ စတင်၍ ရွေးကောက်ပွဲနေ့အထိ အကျုံးဝင်မည်ဖြစ်သည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ တက်ရောက်လာသော နိုင်ငံရေးပါတီများက မဲစာရင်းများနှင့် ပတ်သက် ၍ မဲဆန္ဒရှင်စာရင်းများ မပါရှိသည့်အကြောင်းများနှင့်ပတ်သက်၍ မည်ကဲ့သို့ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း မေးမြန်းဆွေးနွေးကြရာ လားရှိုးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုင်းဇော်မင်း က ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။

ဟန်ဌေး(လားရှိုး)