ဆဒုံး စက်တင်ဘာ ၁၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့(စနေ)စျေး၊ မြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်၊ လမ်းဆုံလမ်းခွနေရာများ၊ စျေးဆိုင်၊ ကုန်စုံဆိုင်များတွင် ယမန်နေ့ နံနက် (၉) နာရီက မြို့အုပ်ချုပ်ရေးမှူး ဦးအေးမင်းထွန်းဦးဆောင်ပြီး ဌာနဆိုင်ရာတာဝန် ရှိသူများက နှာခေါင်းစည်း (Mask) အခု (၁၀၀၀) အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ထိုသို့ နှာခေါင်းစည်း (Mask) အခမဲ့ဖြန့်ဝေရာ တွင် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် နေအိမ်ပြင်ပ ထွက်ခွာတိုင် နှာခေါင်းစည်း (Mask)တပ်ဆင်ပြီးသွားဘလာရန်၊ လက်ကိုမကြာခဏဆပ်ပြာဖြင့်ဆေးကြောရန်၊ လူစု လူဝေးရှောင်ရှားရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များကို လိုက်နာ ကြရန်၊ ခေါက်ဆွဲဆိုင်၊ စားသောက်ဆိုင်များတွင် ထိုင်စားခွင့်ခွင့်မပြုရန်၊ ပါဆယ်စနစ်ဖြင့်ရောင်းချရန် အသိပညာပေးနှိုးဆော်ခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ကျော်နိုင်ဌေး (ပြန်/ဆက်)