သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာရပ်ကွက်သုဝဏ္ဏဘောလုံး အကယ်ဒမီ မြက်ခင်းတုဘောလုံးကွင်းအတွင်း Quarantine centre ပြုလုပ်ရန် ယာယီအဆောက်အဦ ဆောက်လုပ်

ရန်ကုန် စက်တင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏအမျိုးသားဘောလုံး အကယ်ဒမီ(ရန်ကုန်) မြက်ခင်းတု ဘောလုံးကွင်းဝင်းအတွင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ဆေးတက္ကသိုလ်() ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုး ကဦးဆောင်ကာ  Quarantine ဝင်ရောက်သူများအား ထားရှိနိုင်ရန်အတွက် ယာယီ အဆောက်အဦ တစ်လုံးလျှင်လူ(၁၀၀)ဦး Quarantine ဝင်ရောက်နေထိုင်နိုင်မည့် ယာယီ အဆောက်အဦ()လုံးကို ()ရက်အတွင်း အပြီးတည်ဆောက်မည်ဖြစ်ပြီး လူ (၄၀၀) ဦးခန့်ထားနိုင်မည့် ယာယီ အဆောက်အဦ Quarantine Center များကိုလည်းဆက်လက် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Quarantine Center တွင်ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုကိစ္စများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဆောင်ရွက်မည်ဖြစ်ကာ  နေထိုင်ရေးနှင့် နေ့စဉ်အစားအသောက် ကုန်ကျစရိတ်များကို ဧရာဝတီ ဖောင်ဒေးရှင်းမှ ကျခံပေးမည်ဟု သိရသည်။

ထို့အပြင် လာရောက် တာဝန်ထမ်းဆောင်ကြမည့် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများ၏ နေထိုင် စားသောက်ရေးကိစ္စများကိုလည်း ဧရာဝတီဖောင်ဒေးရှင်းမှ စီမံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဧရာဝတီ ဖောင်ဒေးရှင်း သတင်းအရင်းအမြစ်မှ သိရသည်။

ရဲမင်းထွန်း (ပြန်/ဆက်)