ကျိုင်းတုံ စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသော အားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကျိုင်းတုံမြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင် ဆောင်ရွက်ခဲ့သည်။
စုပေါင်းသွေးလှူဒါန်းရာတွင် ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး(ကျိုင်းတုံ)မှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး(ကျိုင်းတုံ)မှ တပ်ဖွဲ့ဝင်များနှင့် စာရေးဝန်ထမ်းများ စုစုပေါင်း ၃၁ ဦး တို့မှ (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျိုင်းတုံမြို့ အထွေထွေရောဂါကုဆေးရုံးကြီးတွင် စုပေါင်း သွေးလှူဒါန်းခဲ့သည်။
စုပေါင်းသွေးလှူဒါန်းပွဲသို့ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး(ကျိုင်းတုံ)မှ ရဲမှူးကြီး အေးသိန်း၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး (ကျိုင်းတုံ)မှ ဒုတိယရဲမှူးကြီး တင်ထွန်း၊ ဆေးရုံအုပ်ကြီး ဒေါက်တာလှဌေးမင်းနှင့် တာဝန်ရှိသူများက သွေးလှူရှင်များအား ကြက်ဥ၊ အားဆေး၊ အာဟာရပြည့် အစားအစာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)