ခိုင်ကမ်း စက်တင်ဘာ ၁၃
ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ခရီးသွားပြည်သူများဝင် ထွက်သွား လာသည့် မြို့အထွက် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ အရှိန်မပြတ် ဆောင်ရွက် လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီးဘက်မှ ထွက်ခွာလာသော ယာဉ်များနှင့် ချင်းပြည်နယ် မြောက်ပိုင်းမှ ထွက်ခွာလာသည့်ယာဉ်များအား- ချင်းပြည်နယ် မြောက်ပိုင်း၏ နယ်စပ်ဖြစ်သည့် ခိုင်ကမ်းမြို့ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ခရီးသွားမှတ်တမ်းများကောက်ယူခြင်း ၊ ကျန်းမာရေး စစ်ဆေးပေးခြင်း ၊ နှာခေါင်းစည်းများတပ်ဆင်ထားခြင်း ရှိ/မရှိစစ်ဆေးခြင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် အသိပေးထုတ်ပြန်ချက်များကို စနစ်တကျလိုက်နာစေရေး အသိပညာပေး လုပ်ငန်းများကို မြို့အဆင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီအဖွဲ့ဝင်များ ကျန်းမာရေး ဝန်ထမ်းများ ၊ ခိုင်ကမ်းမြိုရဲစခန်းမှ ရဲဝန်ထမ်းများ ပူးပေါင်းကာ နေ့စဉ် နံနက် ၆ နာရီမှ ည ၁၀ နာရီအထိ အရှိန်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝုန်လွန်းညောင်(ခိုင်ကမ်း)