ခန္တီး စက်တင်ဘာ ၁၃
စစ်ကိုင်းတိုင်ဒေသကြီး၊ ခန္တီးမြို့၊ ဇီးဖြူကုန်းရပ်ကွက် နားမေတ္တာလမ်းဆုံနှင့် လ.ဝ.ကရုံးလမ်းဆုံတို့တွင် ယမန်နေ့ နံနက်ပိုင်းက ခန္တီးမြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ကြက်ခြေနီအသင်းနှင့် ခရိုင်လူငယ်ရေးရာ ကော်မတီတို့ ပူးပေါင်း၍ ကိုဗစ် -၁၉ ရောဂါ အသိပညာပေး လက်ကမ်းစာစောင်နှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ ဖြန့်ဝေ ခဲ့ကြောင်း သိရသည်။
ခန္တီးမြို့နယ်စည်ပင်သာယာရေးကော်မတီနှင့်အဖွဲ့သည် Mask နှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေသည့် အပြင် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မလိုအပ်ဘဲ အိမ်ပြင် မထွက်ရန် ၊ အိမ်အပြင်သို့ ထွက်ခွာပါကလည်း Mask တပ်ဆင်ကြရန်နှင့် ကိုဗစ် -၁၉ ရောဂါ မဖြစ်ပွားစေရေး မိမိကအစ ကာကွယ်ကြပါရန် တိုက်တွန်းနှိုးဆော်မှုများလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အမ်းအင်းလမ်း (ပြန်/ဆက်)