မြောင် စက်တင်ဘာ ၁၃
စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကုစားရေး အစီအစဉ် အရ မွေးရာပါ မသန်စွမ်းသူများအား ထောက်ပံကြေးငွေများကို ယနေ့ နံနက်(၁၀)နာရီက ရပ်ကွက်ကျေးရွာများ သို့ လက်ဝယ် အရောက်လွှဲပြောင်းပေးအပ်ခဲ့သည်။
ထိုသို့ ထောက်ပံ့ကြေးငွေများကို ပေးအပ်ရာတွင် မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးတင်ထွန်းအောင်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့် လူမှုရေးအသင်းအဖွဲ့ဝင်များက လက်ဝယ် အရောက် ပေးအပ်ခဲ့ကြောင်းသိရသည်။
မြောင်မြို့နယ်တွင် ရပ်ကွက်ကျေးရွာ စုစုပေါင်း(၈၆)ရွာရှိပြီး အဆိုပါ ရပ်ကွက်ကျေး ကျေးရွာများမှ မွေးရာပါ မသန်စွမ်းသူ(၆၂၂) ဦးအား တစ်ဦးလျှင်(၃၀၀၀ဝိ/)ကျပ်အား တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
တင်ကိုကို၊ မြောင်မြို့နယ်ပြန်/ဆက်