ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး နေအိမ်ပြင်ပထွက်ခွာသူများ Mask တပ်ဆင်မှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် ပညာပေးလုပ်ငန်း ဆောင်ရွက်

ချောင်းဆုံ          စက်တင်ဘာ      ၁

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ယမန်နေ့နံနက် (၉)နာရီက ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး နေအိမ် ပြင်ပထွက်ခွာသူများ Mask တပ်ဆင်မှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် ပညာပေးခြင်းလုပ်ငန်းကို ကညှော်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနရှေ့ (ချောင်းဆုံ-မော်လမြိုင်) ခရီးသွားလမ်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကို ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ ဝင်များ၊  ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းပြီး ခရီးသွားပြည်သူများအား Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ မရှိပါက Mask များအခမဲ့ဝေငှပေးပြီး ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ သွားလာခြင်းများကို အလေးထား ဆောင်ရွက်ကြ စေရေး အသိပညာပေးပြောကြားခဲ့ကြောင်း ကညှော် ကျေးလက်ကျန်းမာရေးမှူး ဦးမင်းယဉ်ထွေးထံမှ သိရသည်။

ထူးအိမ်(ချောင်းဆုံ)