စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် တည်ခိုခန်း ဧည့်ရိပ်သာများအား အသိပညာပေးစစ်ဆေး

ကလေးဝ စက်တင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြား ချက်များ နှင့်အညီ ဖွင့်လှစ်နိုင်ရေး အတွက် တည်ခိုဧည့်ရိပ်သာများအား ယမန်နေ့ ညနေ ၃ နာရီခွဲက အသိပညာပေးစစ်ဆေးခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊  မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးဂျေဘီရိုင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပါဝင်သော ပူးပေါင်းအဖွဲ့က ကလေးဝမြို့ပေါ်ရှိ  ဖွင့်လှစ်ထားသော တည်ခိုခန်းဧည့်ရိပ်သာ ၄ ခုအား တံခါးဝ၌ ၆ ပေ အကွာစီ နေရာသတ်မှတ် ၍ ခြေနင်း လက်ဆေးဘေစင်နှင့် ခြေနင်း အမှိုက်ပုံများ ထားရှိရန်၊ ကိုယ် အပူချိန်တိုင်းတာပေးရန်၊ ပါးစပ် နှာခေါင်းစည်းများ (mask)နှင့် Face Shield များတပ်ဆင်ပေးရန်၊ အလုပ်သမားများအား အဆိုင်းမရွှေ့ ပြောင်းဘဲ တာဝန်ချထားရန်၊ အလုပ်သမားများအား အ ဆိုင်းအလိုက် ထမင်းစာချိန်မတူ စေရန်စီစဉ်ထားရန်၊ အလုပ်သမား/ အလုပ် သမား၏ မိသားစုဝင်တစ်ဦးဦး နာမကျန်း ဖြစ်ပါက သက်ဆိုင်ရာကြီးကြပ်ရေးမှူး ထံသို့တိုင် ကြားရန်နှင့် ကျန်းမာရေးဌာနသို့ ဆက်လက်သတင်းပေးပို့ရန် စသည်အချက်များကို အသိပညာပေး စစ်ဆေး ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။     

သက်ဟန်(ကလေးဝ)