စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် အသက်(၂)နှစ်အောက် ကလေးသူငယ်များအတွက် ထောက်ပံ့ကြေးပြန်လည် ပေးအပ်

လဟယ် စက်တင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ အသက်()နှစ်အောက် ကလေးသူငယ်များအတွက် ထောက်ပံ့ငွေပေးများကို ယနေ့နံနက်၉နာရီချိန် လဟယ်မြို့နယ် တိုးချဲ့-၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးနေအိမ်၌ ပေးအပ်ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်မှုတွင် တိုးချဲ့-၁ရပ်ကွက်မှ ကလေးသူငယ်(၇၂)ဦးအတွက် ထောက်ပံ့ငွေကျပ်(၅၀၇၀၀၀၀)ကျပ်ဖြစ်ပြီး ထောက်ပံ့ငွေများကို ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်စာရေးများနှင့် လူမှုဝန်ထမ်းဌာနမှတာဝန်ရှိသူများမှ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသတင်း သိရရှိသည်။

ပါမင်းလိုင် ( လဟယ် )