စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့မဈေး၌ ဈေးရောင်းဈေးဝယ်ပြည်သူများ Mask နှာခေါင်းစည်း တပ်ဆင်ရေး နေ့စဉ်ကြီးကြပ်ဆောင်ရွက်

ဝန်းသို စက်တင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ စည်ပင်သာယာရေးကော်မတီမှ မြို့မစည်ပင် သာယာဈေး နှင့် ယာယီပျံကျဈေးတို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ဈေးရောင်း ဈေးဝယ်ပြည်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ Mask နှာခေါင်းစည်းများ တပ်ဆင် ထားခြင်းရှိ/မရှိနှင့် သတ်မှတ် နေရာများတွင် ဈေးရောင်း ချမှုရှိ/ မရှိစစ်ဆေးခြင်းတို့ကို တာဝန်ရှိ သူများက နေ့စဉ်ကြီးကြပ်ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်တွင်လည်း တာဝန်ရှိသူ များက ဆောင်ရွက်ခဲ့ကြသည်။

ထို့အပြင် ဝန်းသိုမြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး မြို့နယ် အဆင့် ကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် အဝတ်အထည် ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များကို ကျန်းမာရေး ညွှန်ကြားချက်နှင့်အညီ ဖွင့်လှစ်ရောင်းချခွင့်ပြု ထားလျက်ရှိရာ အဆိုပါဆိုင်များပြန်လည် ဖွင့်လှစ်ရောင်းချရာတွင် ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် အညီရောင်းချမှု ရှိ/မရှိတို့ကိုလည်း ကြီးကြပ်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ဝန်းသိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်တွင်း နေရပ်ပြန်နှင့် နိုင်ငံရပ်ခြားပြန်ပြည်သူများအား Community Based Facility Quarantine စောင့်ကြည့်စင်တာ မြို့နယ်အဆင့် ၄နေရာနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများရှိ အခြေခံပညာကျောင်းများအလိုက် ဖွင့်လှစ်ထားရှိပြီး လက်ရှိအချိန်ထိ ပိုးတွေ့လူနာ တစ်ဦးတစ်ယောက်မျှ  မတွေ့ရှိ(မတွေ့ရှိ) သေးကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

ကျော်မြိုင် (ပြန်/ဆက်)