ပင်လုံမြို့ မြို့မဈေး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက် ရေး အသိပညာပေးလှည့်လည်ဆော်ဩ

 

ပင်လုံ စက်တင်ဘာ ၁၄

ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့်ထိန်းချုပ် ရေးအတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီမှတာဝန်ရှိသူများက ပင်လုံမြို့မဈေးအတွင်း ပြည်သူများ၊ ဈေးသည် နှင့်ဈေးဝယ်များ ရောဂါကူးစက်မှုမရှိစေရေးအတွက်  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသည့်  ကိုဗစ်-၁၉ရောဂါဆိုင်ရာ ညွှန်ကြားချက်များအား အသိပညာပေးခြင်း၊ လှည့်လည် ဆော်ဩခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြား ချက်များကို ပြည်သူများ၊ ဈေးသည်များနှင့်ဈေးဝယ်များ ရောဂါကူးစက်မှု မရှိစေရေး အတွက် နှာခေါင်းစည်း (Mask)များ မဖြစ်မနေ စနစ်တကျတပ်ဆင်ကြရန်၊ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး(၆)ပေအကွာ ခပ်ခွာခွာ နေထိုင်ကြရန်၊ လူစုလူဝေး ရှောင်ရှားရန်၊ ဆပ်ပြာနှင့်ရေ ကို အသုံးပြု၍ စက္ကန့် (၂၀)ကြာ လက်ဆေးရန်၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း ပြုလုပ်သည့် အခါတိုင်း ပါးစပ်နှင့်နှာခေါင်းကို တစ်ခါသုံး တစ်ရှူး (သို့မဟုတ်) တံတောင်ကွေးဖြင့် လုံခြုံအောင် ဖုံးအုပ်ရန်နှင့် ပြည်သူ အားလုံး ပူးပေါင်း ပါဝင်ကြရန် အသုံချဲ့စက်ဖြင့် လိုက်လံဆော်ဩ နှိုးဆော်ခဲ့ကြောင်းသိရသည်။

နန်းမြင့်မြင့်ဆွေ