လှိုင်းဘွဲ စက်တင်ဘာ ၁၄
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ် (CERP)အရ မျိုးစေ့ထုတ်စပါးစိုက်ခင်းအတွင်း စပါးများ ကောက်စိုက် စက်ဖြင့် စိုက်ပျိုးနေမှုကို ယမန်နေ့က မျိုးစေ့ထုတ် မျိုးသန့်ခြံစိုက်ခင်း၌ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ တောင်သူ ဦးမြင့်ဇော်၏ မျိုးစေ့ထုတ် မျိုးသန့်ခြံ စပါးခင်းအတွင်း မျိုးစေ့ထုတ်စပါးများ ကောက်စိုက်စက်ဖြင့် နည်းစနစ်တကျ စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသက်ဆွေ၊ ဒုတိယဦးစီးမှူး ဦးစောမြင့်၊ မြို့နယ်ဦးစီးမှူးဦးကြည်ဝင်းနှင့် တာဝန်ကျဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)