သံတောင်ကြီး စက်တင်ဘာ ၁၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင်စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များပါ ဆယ်စနစ်ဖြင့် ရောင်းချရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက သံတောင်ကြီး မြို့ ပေါ်တွင်ဆောင် ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင်စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ၊ ဆိုင်ထိုင် ရောင်းချခြင်းအား လူဦးရေကန့်သတ်ရောင်းချခြင်းရှိ/မရှိ၊ ဆိုင်ရှင်များမှ လက်ဆေးဘေစင်များ၊ လက်သန့်ဆေးရည်သို့မဟုတ်ဆပ်ပြာများထားရှိခြင်းရှိ/မရှိနှင့် ပါဆယ်စနစ်ဖြင့် ရောင်းချကြရန်အတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့်သတ်မှတ်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန်ပျက်ကွက်ပါက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေဖြင့် ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်မိုးအောင် ထံက သိရ သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို သံတောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဦးဟန်ထူးဇန်နှင့် ဝန်ထမ်းများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့၊ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ သည်။
မြို့နယ်ပြန်/ဆက်