ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဖရူဆို      စက်တင်ဘာ     ၁၄

ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနက  ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းနှင့်  သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ယမန်နေ့က ကေကောကျေးရွာအုပ်စု နှင့် သိုသီးဖိုကျေးရွာ အုပ်စုတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဂျေရောလမို့ နှင့် ဝန်ထမ်းများက ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီထုတ်ပြန်ထားသော ညွှန်ကြားချက်များကို ပြည်သူများ အားလုံး အလေးထားလိုက်နာကြရန်၊ အိမ်ပြင် ထွက်ခွာသွားလာပါက နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာကြရန် ၊ လက်ကို ဆပ်ပြာအသုံးပြု၍ ရေဖြင့် စနစ်တကျဆေးကြောရန် ၊တစ်ကိုယ်ရည် သန့်ရှင်းရေးကို အထူးဂရုပြုကြရန်၊ ကျန်းမာရေးနှင့်ညီညွတ်အောင် မိမိပတ်ဝန်းကျင်ကို သန့်ရှင်းသာယာ ရေး ဆောင်ရွက်ထားရှိနိုင်ရန်နှင့် ရာသီဉတု ပြောင်းလဲမှုကြောင့်  ဖြစ်ပေါ်တတ်သော သဘာဝဘေးအန္တရာယ် များနှင့် စပ်လျဉ်းသည့် ဆောင်ရန်ရှောင်ရန်များ၊ ကြိုတင်ကာကွယ်ရေးနည်း လမ်းများ ကို ကေကောကျေးရွာ အုပ်စု ဘွယ်ဒိုးသာကျေးရွာ၊ ဆော်လယ်ကျေးရွာ၊ ကေကောကျေးရွာ၊ ယူလီခူကျေးရွာ နှင့် သိုသီးဖိုကျေးရွာ အုပ်စု တို့တွင် ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားချက်များနှင့်အညီ  ပြည်သူများအား အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

တောရယ်(ပြန်/ဆက်)