ဘောဂလိမြို့ပေါ် (၄) ရပ်ကွက်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်

ဘောဂလိ  စက်တင်ဘာ ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ရှိ မိခင်နှင့်ကလေးငယ်များ အဟာရဆိုင်ရာရလဒ်များ ပိုမိုကောင်းမွန်ရန်၊ ကလေးသူငယ်များ  ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး  အားဖြည့်စေမည့် ဝန်ဆောင်မှုများအား မိသားစုများအထေက်အကူ ဖြစ်စေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းတွင်  ကိုယ်ဝန်ဆောင် မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား တတိယအကြိမ်နှင့် စတုတ္တအကြိမ် ထောက်ပံ့ငွေများ  လက်ဝယ်အရောက်ပေးအပ်ခြင်းကို ဘောဂလိမြို့မြို့ပေါ် (၄) ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများကို   ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်  ရပ်ကျေးစာရေးတို့က  ၂၀၂၀ ပြည့်နှစ် ဧပြီလမှ ဇွန်လအထိ မြို့ပေါ်(၄)ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင်မိခင် (၁၉) ဦးနှင့် အသက်(၂)နှစ်အောက် ကလေးငယ် (၃၀)ဦး၊ ဇူလိုင်လမှ စက်တင်ဘာလအထိ ကိုယ်ဝန်ဆောင်မိခင်(၃၀)ဦးနှင့်  အသက် (၂) နှစ်အောက်ကလေး (၂၅) ဦးတို့အတွက် တစ်လလျှင် ကျပ်(၁၅၀၀၀)နှုန်းဖြင့် (၆)လစာကို   လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

နီလာအေး(ပြန်/ဆက်)