ကြံခင်း စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုအန္တရာယ်မှ ကင်းဝေးစေရန် ပုဂ္ဂလိကခရီးသည်တင် မော်တော်ယာဉ် လိုင်းများကို ယမန်နေ့မှစတင်၍ ပြေးဆွဲမှုအား ရပ်နား ထားကြောင်း သိရသည်။
ကြံခင်းမြို့အခြေပြု ပြေးဆွဲလျက်ရှိသော ပုဂ္ဂလိကမော်တော်ယာဉ်လိုင်း (၄)လိုင်းရှိကြောင်း၊ ကြံခင်းမြို့မှ ဟင်္သာတမြို့၊ ပုသိမ်မြို့၊ ရန်ကုန်မြို့၊ မန္တလေးမြို့၊ နေပြည်တော်ခရီးစဉ်များအပြင် ကြားလိုင်းများ ပြေးဆွဲသော မော်တော်ယာဉ်များလည်း ဝင်ရောက်ရပ်နား သွားလာခြင်းရှိကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုအန္တရာယ်မှ ကင်းဝေးစေရန် ဧရာဝတီတိုင်းအစိုးရအဖွဲ့မှ စက်တင်ဘာ (၁၁) ရက်နေ့က ထုတ်ပြန်ချက်အရ ကျန်းမာရေး လမ်းညွှန်ချက်များ၊ ညွှန်ကြားချက်များ နှင့်အညီ ဝင်/ထွက် သွားလာခွင့်များကို ရပ်နားထားပြီး အရေးကြီးကိစ္စရပ်များ မှအပ သွားလာခွင့်များကို အောက်တိုဘာ (၁)ရက်နေ့ထိ မပြုလုပ်ကြရန်၊ ကုန်စည်စီးဆင်းပို့ဆောင်မှုအတွက် ပို့ဆောင်ရေးယာဉ်များကို ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ခြင်း၊ ရန်ကုန်မှကြံခင်းသို့ ကုန်သွယ်ကားများကို (ဘဲ့ပြား) နယ်စပ်တွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ ပြောင်းပြီး အခြေပြုနေရာတွင် နေစေခြင်း ကုန်တင်/ချ ပြုလုပ်ပြီးသည့်နှင့် ချက်ချင်းပြန်လည် ထွက်စေခြင်းစတဲ့ အချက်များကို မြို့နယ် မော်တော်ယာဉ် ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဦးမိုးကျော်ထံမှ သိရသည်။
မိုးမိုး(ပြန်/ဆက်)