အလုံမြို့နယ်၌ သံဃာတော်များအား ဆွမ်းနှင့် လိုအပ်ချက်များ ပြည့်စုံစေရေးအတွက် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း

အလုံ စက်တင်ဘာ ၁၄


ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင်  သီတင်းသုံးတော်မူလျက်ရှိသော သံဃာတော်များ ဆွမ်းနှင့် လိုအပ်ချက်များ ပြည့်စုံစေရေးအတွက် ရည်ရွယ်၍ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ်သာသနာ့နုဂ္ဂဟအဖွဲ့တို့မှ ပူးပေါင်းကာ  ယနေ့ နံနက်(၁၀)နာရီအချိန်က ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင်  မြို့နယ်အတွင်းရှိကျောင်းတိုက်(၉)တိုက်ရှိ သံဃာတော်များအား တစ်ပါးလျှင် ဝတ္ထုငွေ ၁၅၀၀၀ ဖြင့် သံဃာတော်စုစုပေါင်း(၃၀၆)ပါးအား မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးမြင့်ခိုင်၊ မြို့နယ် သာသနာ့နုဂ္ဂဟအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးနှင့် မြို့နယ် သာသနာ့နုဂ္ဂဟအဖွဲ့များဖြစ်သော ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ကျောင်းတိုက်များသို့ သွားရောက်ကာ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။
တင်တင်ချို ပြန်/ဆက်