မဘိမ်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အထူးရဲ (၄၄)ဦး ခန့်အပ်သွားမည်

 

မဘိမ်း     စက်တင်ဘာ    ၁၄                 

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာမဲပေးနိုင်ရေးအ တွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင် ရန်အတွက် အထူးရဲ(၄၄)ဦး ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။  

မဘိမ်းမြို့နယ်တွင် ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၆)အုပ်စုတို့တွင် မဲရုံပေါင်း(၄၄) ရုံ လျာထားပြီး မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာဖြင့် လာရောက်မဲပေးနိုင်ရေးအ တွက် အထူးရဲ (၄၄)ဦး ခန့်အပ်သွားမည်ဖြစ်ကြောင်း၊ အထူးရဲများအနေဖြင့် မြို့နယ်အတွင်းရှိ သက် ဆိုင်ရာရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ မဲဆန္ဒရှင်ပြည် သူများ လုံခြုံ စိတ်ချစွာ မဲပေး နိုင်ရေးအတွက် မဲရုံလုံခြုံရေးတာဝန်ယူဆောင်ရွက်ရန်ဖြစ်ပြီး မြို့နယ်ရဲ တပ်ဖွဲ့ဝင်များအနေဖြင့် ရွေးကောက်ပွဲ ကာလအတွင်း မဲဆန္ဒရှင်ပြည်သူများအား ဆန္ဒမဲပေးရာတွင် နှောင့်ယှက်ဟန့်တားမှုများ မဖြစ်ပေါ်စေရေး၊ မဲရုံပရဝုဏ်နှင့် ကိုက် ၅၀၀ အတွင်း အသံချဲ့စက်များ ဆူညံစွာဖွင့်လှစ်မှုမရှိစေရန်နှင့် မူးယစ် သောက်စား ရမ်းကားမှုများ မဖြစ်ပေါ်စေရေးအတွက် လှည့်ကင်း၊ ရပ်ကင်းများဖြင့် လုံခြုံရေး ဆောင်ရွက် ပေးသွား မည်ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရ သည်။

မျိုးမင်း (ပြန်/ဆက်)