သဲကုန်း စက်တင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် ပတ်သက်သည့် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၈ နာရီခန့်က မြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်သို့ အသံချဲ့စက်များဖြင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များက လိုက်လံအသိပေး နှိုးဆော်ခဲ့သည်။
အသိပေးနှိုးဆော်ဆောင်ရွက်ရာတွင်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော အသိပေးနှိုး ဆော်ချက်များအား လိုက်နာဆောင်ရွက်ရန်၊ အများပြည်သူများ အရေးကြီးအကြောင်း ကိစ္စ မရှိဘဲ နေအိမ်ပြင်ပသို့ မထွက်ကြရန်၊ လိုအပ်ချက်အရ ထွက်ခွာမည်ဆိုပါက Mask တပ်ဆင်ပြီး ထွက်ကြရန်၊ လက်မကြာခဏ ဆေးကြရန်၊ လူတစ်ဦးနှင့် တစ်ဦး (၆) ပေစီခြားနေကြရန်၊ ဈေးရောင်း/ ဈေးဝယ်များ Mask၊ Face Shield များ တပ်ကြရန်၊ လူစုလူဝေးဖြင့် ကျင်းပသော အခမ်းအနားများ ကျင်းပခြင်း မပြုလုပ်ရန်၊ မြို့နယ်အတွင်း စားသောက်ဆိုင် များအနေဖြင့် ပါဆယ်စနစ်ဖြင့်ရောင်းချကြရန်၊ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုခက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်း စသည့်လက္ခဏာများဖြစ်ပေါ်ပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်း ဆက်သွယ်၍ ဆေးကုသမှုခံယူသွားရန်၊ ပြည်ပနိုင်ငံများနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ရောက်ရှိလာသူများ အနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာနသို့ သွားရောက် သတင်းပို့ပြီး ကျန်းမာရေးစစ်ဆေးမှု ခံယူပြီး သတ်မှတ်ထား သောနေရာများတွင် (Facility Quarantine) (၁၄) ရက်ကို လည်းကောင်း၊ (Home Quarantine) (၇) ရက် စောင့်ကြည့်ရန်၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ပြည်သူများ အားလုံးပူးပေါင်းပါဝင်ကြရန် အသံချဲ့စက်ဖြင့် မြို့ပေါ် ရပ်ကွက် (၄)ရပ်ကွက်သို့ လှည့်လည် အသိပညာပေးနှိုးဆော် ဆောင်ရွက်ခဲ့သည်။
အဆိုပါအသိပညာပေးနှိုးဆော်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ္စီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာန၊လူမှုရေးအသင်းအဖွဲ့များ၊ အုပ်ချုပ်ရေးမှူး များ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
နိုင်လင်း(ပြန်/ဆက်)