တွံတေး၌ Community Based Facility Quarantine Centre ထပ်မံဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်အတွင်း ပြည်တွင်း၊ ပြည်ပမှ ပြန်လည် ရောက်ရှိလာသူများအား ပြည်သူ့ဆေးရုံရှိ လူနာစောင့်များ ထားရှိရာအဆောင် (၂၄)ဦးဆံ့ Community Based Facility Quarantine Centre၊ အစိဏ္ဏကံတန်ဆောင်း၊ ရှမ်းတန်ဆောင်းတို့တွင် (၃၄)ဦးဆံ့၊ Community Based Facility Quarantine Centre နှင့် ခတ္ထိယကျေးရွာအုပ်စု၊ ခတ္ထိယကျေးရွာရှိ ခတ္ထိယတိုက်နယ် ဆေးရုံဟောင်းတွင်(၁၀)ဦးဆံ့ Community Based Facility Quarantine Centre စုစုပေါင်း (၃)ခု ဖွင့်လှစ်ခဲ့သည်။