လဟယ် စက်တင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် မြို့နယ်ရဲစခန်းမှ အရာရှိစစ်သည် စုစုပေါင်း(၂၅)ဦး က လဟယ်မြို့ သီရိမင်္ဂလာကုန်း ဓာတ်ပေါင်းစု စေတီတော်၌ စုပေါင်းသန့်ရှင်ရေး ခြုံနွယ်ပိတ်ပေါင်းအမှိုက်များကို စက်တင်ဘာ ၁၂ရက်နေ့ နံနက် ၉ နာရီအချိန်၌ သန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးပြုလုပ်မှုသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုခြင်းဖြစ်ကြောင်း လဟယ်မြို့နယ် မြို့မရဲစခန်းမှ ဒုရဲမှူးစိန်သောင်းပြောကြားချက်အရ သိရသည်။
ပါမင်းလှိုင်(ပြန်/ဆက်)