ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အစားအသောက်ရောင်းချသည့် ဆိုင်များအားလုံး ပါဆယ်စနစ်ဖြင့် ရောင်းချခြင်း ရှိ/ မရှိ လိုက်လံစစ်ဆေး

ပြင်ဦးလွင် စက်တင်ဘာ ၁၄

ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အစားအသောက်ရောင်းချနေသည့် ဆိုင်များ အားလုံး ယမန်နေ့နံနက်ပိုင်းမှစတင်ပြီး ယာယီအားဖြင့် ပါဆယ်စနစ်ဖြင့်သာ ရောင်းချခြင်း ရှိ / မရှိ လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုလျော့နည်းပပျောက်ရေးနှင့် ကာကွယ် ထိန်းချုပ်နိုင်ရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များတွင် လူစုလူဝေး မဖြစ်စေရေးအတွက် ဆိုင်ထိုင် စားသုံးခြင်း မပြုစေဘဲ  ပါဆယ်စနစ်ဖြင့်သာ ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ ရောင်းချြခင်း  ရှိ/ မရှိ  မြို့နယ်ကိုဗစ် - ၁၉  ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများနှင့် စည်ပင်သာယာရေး ကော်မတီဝင်များ ပူးပေါင်းကာ ရပ်ကွက်ကျေးရွာများ အလိုက် လိုက်လံစစ်ဆေးအသိပေး ဆောင်ရွက် လျက်ရှိကြောင်း  တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ဇော်မျိုးထိုက် (ပြင်ဦးလွင်)