ဒဂုံတောင် စက်တင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း (Stay at home) ကာလအတွင်း လူဝင်လူထွက် စစ်ဆေးနေခြင်များကို ယမန့်နေ့ ညနေ(၅:၀၀)နာရီ အချိန်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးမှုတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် အဓိကမလိုအပ်သော လမ်းပိုင်းများအား ပိတ်ပင်၍ ဝင်ထွက်သွားလာရန် လိုအပ်သော နေရာများတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် ရပ်ကွက်အတွင်းရှိ လမ်းသူလမ်းသားများအား မလိုအပ်ဘဲ အပြင်မထွက်စေရေးနှင့် အပြင်ထွက်သည့်အခါ နှာခေါင်းစည်း (mask) တပ်ဆင်စေရန် ပြောကြားခဲ့ပြီး အပြင်ထွက်သည့်အခါတွင် အပူချိန်တိုင်းတာပေးခြင်းနှင့် နေအိမ်ပြင်ပမှ ပြန်လည်ဝင်ရောက်မည့် သူများကိုလည်း လက်ဆေးစေခြင်းများ အပူချိန်တိုင်းခြင်းများ ပြုလုပ်ဆောင်ရွက်ထားကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်နေမှု အခြေအနေများအား လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ကိုဗစ်ကော်မတီဝင်များ ပူးပေါင်း၍ ကွင်းဆင်းကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သက်မင်းဟန်(ဒဂုံတောင်)